Join MultiplyOpen a Free ShopSign InHelp
MultiplyLogo
SEARCH
မင်းမင်းလတ်ရဲ့ ....နည်းပညာဖလှယ်ရာဝယ်.....
HomePlease visit my website .i welcome with pleasureApr 26, 2009
Peace be upon everyone
Blog EntryJun 23, '09 2:45 PM
for everyone
SB stick နဲ့Data တွေ transfer လုပ်ရတာအရမ်းလွယ်ကူပါတယ်။ဒါပေမယ့် virus တွေတော့ ကိုယ်မသိပဲပါလာတတ်တဲ့
အခါမျိုးတွေလည်းရှိတတ်ပါတယ်။ကျွန်တော်ဆိုလိုရင်ကဒီလိုပါဗျ ….။
တစ်ချို့အင်တာနက်နဲ့ဂိမ်းဆိုင်တွေမှာရှိတတ်ပါတယ်။အင်တာနက်ခန်းကိုသီသန့်၊ဂိမ်းခန်းကိုသီသန့်လေးလုပ်ပြီးထားတတ်ကြ
ပါတယ်။
အင်တာနက်နဲ့ဂိမ်း ဆို ဂိမ်းက ပိုတိုင်ပတ်တယ်လို့ထင်တယ်။ တစ်လုံးနဲ့တစ်လုံးကို Ghost လည်းလုပ်မရ.(game serial key
ကြောင့်ပါ)။ ဒါကြောင့် Virus အများဆုံးလာနိုင်တဲ့ USB Stick Port တွေကို ဆောဖ်ဝဲးကိုမသုံးပဲ Regedit ကိုသုံးပြီးပိတ်ထားကြည့်
ရအောင်။ (USB Mouse,Keyboard) တွေဆိုရင်တော့  ဒုတ်ခရောက်လိမ့်မယ်နော်..
အဆင့် (၁)
Win+R (Run) = regedit လို့ရိုက်လိုက်ပါ။
HKEY_CLASSES_ROOT
HKEY_CURRENT_USER
HKEY_LOCAL_MACHINE
HKEY_USERS
HKEY_CURRENT_CONFIG   (၅)ခုထဲးက HKEY_LOCAL_MACHINE ကိုရွေးလိုက်ပါ။
အဆင့် (၂)
HKEY_LOCAL_MACHINE ကိုဖြည်လိုက်ပါ။
HADWARE
SAM
SECURITY
SOFTWARE
SYSTEM (၅)ခုထဲးက SYSTEM ကိုရွေးလိုက်ပါ။
အဆင့် (၃)
SYSTEM ကိုထပ်ဖြည်ပြီး CurrentControlSet —> Services —> ထဲးမှ အောက်ကရေးထားပေးတဲ့  စာကြောင်း ၅ကြောင်း
ကိုရှာလိုက်ပါ။
(1) usbccgp
(2) usbehci
(3) usbhub
(4) USBSTOR
(5) usbuhci
ရှာလို့တွေ့ရင်  usbccgp ပေါ်ကို ကလစ်တင်လိုက်တာနဲ့ ဘေးဘက်မှာ သူ့ရဲ့တန်ဖိုးတွေကိုဖော်ပြထားပေးပါတယ်။
အဲဒီတန်ဖိုးတွေထဲးက မှ Start ကိုသွားပြီး Value Data မှာ လက်ရှိ (3) ကို (4) ချိန်းပေးလိုက်ပါ။
နောက်ထပ် (၄)ခုကိုလည်းဒီအတိုင်းဘဲ တန်ဖိုးတွေကို (4) ထားပေးပြီး regedit ကိုပိတ်လိုက်ပါ။
ဒါဆိုရင်တော့ USB Port ကို Disable လုပ်ပြီးသွားပါပြီး။
ကျွန်တော်တို့ ကျွန်ပျူတာမှာ ရှိတဲ့ dirve တွေကို ဖွင့်လို့မရအောင် လုပ်တဲ့နည်းလေးပါ
security မှာ permission ပေးတာနဲ့ မတူပါဘူး
dirve ကိုဖျောက်ထားရင် Run ကနေ ဖျောက်ထားတဲ့ dirve name ကိုရိုက်ရင် ဖျောက်ထားတဲ့ dirve ထဲရောက်ပြီး ကြည့်လို့ရပါတယ်
အခုလိုလုပ်ထားရင်တော့ ဘယ်သူမှ ကြည့်လို့  မရပါဘူး
Run gpedit.msc User Configration>Administrative Temlates>Windo Components>Windows Explorer ကိုသွားပါ
Prevent access to drives from My Computer ရဲ့ properties ၀င်ပြီးEnabled ပေးပါ Pick one of the following combinations Restrict all drives လို့ပေးလိုက်ပါ
ဒါဆိုရင် ကွန်ပျူတာမှာ ရှိသမျှ drive တွေအားလုံး ဖွင့်လို့မရတော့ပါဘူး
CD drive တွေလည်းပါပါတယ်
အကုန်လုံးမပေးဘဲ တစ်ခုချင်းစီပေးချင်ရင်တော့ သူပေးထားတဲ့ drive number တွေကိုဘဲ ပေးလို့ရမှာပါ
နောက်တစ်ခုကတော့ Remove secyrity tab ကို ၀င်ပြီး Enabled ပေးထားလိုက်ရင်
drive တွေ folder တွေကို မိမိ account တစ်ခုတည်းသုံးလို့ရအောင် ပေးတဲ့ security tab မပေါ်တော့ပါဘူး
၁။ Start – Run – regedit ဟု ရိုက်ထည့်ပြီး OK
၂။ HKEY_LOCAL-MACHINE\Software\Microsoft\Windows\CurrentVersionUninstallအောက်ရှိမိမိUninstall လုပ်ချင်သော
Software ကို Click လုပ်ပါ။
၃။ ညာဘက်ရှိ Box ထဲတွင် UninstallString file အားDouble Click ပါ။ Value Data: အောက်ရှိ Box တွင်C:\Program Files\WordWeb\uninst.exe ကို Copy လုပ်ပြီး OK ပေးပါ။
၎။ Start – Run ထဲတွင် C:\Program Files\WordWeb\uninst.exeကို Paste လုပ်ပြီး OK ပေးပါ။ Uninstall အား ပုံမှန်အတိုင်းအဆင့်ဆင့် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။
Blog EntryJun 22, '09 1:59 PM
for everyone
Networking ဆိုတာဘာလဲ??
    Networking ဆိုတာ အရှင်းဆုံးပြောရရင် ကွန်ပျုတာကွန်ယက်ပေါ့ ဗျာ...ဒီနေ့ ခေတ်မှာ စီးပွားရေးလုပ်ငန်းတွေ ၊ပညာသင်ကြားရေး ကျောင်းနဲ့ အိမ်တွေ ၊ဖျော်ဖြေရေး လုပ်ငန်းတွေမှာ ကွန်ပျုတာတွေ သုံးနေတာအားလုံးအသိဘဲဖြစ်ပါတယ်...အဲဒီလိုသုံးတဲ့ နေရာမှာ ကွန်ပျုတာတစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ထားချင်းမရှိဘဲ တစ်လုံးစီသီးခြားရပ်တည် အသုံးပြုတဲ့  ကွန်ပျုတာကို Stand Alone Computer လို့ ခေါ်ပါတယ်..လိုအပ်ချက်အရ အသုံးပြုသူတွေဟာကွန်ပျုတာတွေကို အချင်းချင်းချိတ်ဆက်ပြီးအသုံးပြုလာတဲ့ အခါမှာတော့  ကွန်ပျုတာကွန်ယက်ဆိုတာဖြစ်ပေါ်လာပါတယ်။ကွန်ပျုတာကွန်ယက်ဆိုတာကွန်ပျုတာတွေကိုကြားခံပစ္စည်းတစ်ခုခုနဲ့ ချိတ်ဆက်ပြီးအသုံးပြုချင်းဖြစ်ပါတယ်.....ကွန်ပျုတာများကိုတစ်လုံးနှင့် တစ်လုံးအပြန်အလှန် ဆက်သွယ်လို့ ရအောင်ကြားခံပစ္စည်းတစ်မျိုးမျိုးကို အသုံးပြုပြီးပင့် ကူအိမ်သဖွယ်ချိတ်ဆက်ထားခြင်းကိုကွန်ပျုတာကွန်ယက်(Network)လို့ ခေါ်ပါတယ်......
Network Infrastructure ဆိုတာ..
        Network တစ်ခုဖြစ်ပေါ်လာဖို့ အတွက်ချိတ်ဆက်မှုတွေ ၊Connectivity ဒါမှမဟုတ် Network တစ်ခုရဲ့  လုံခြုံမှု Security တွေ၊ လမ်းကြောင်းချိတ်ဆက်မှု Routing တွေ ၊ထိန်းချုပ်အုပ်ချုပ်မှု Management တွေ ၊ရယူသုံးစွဲမှု Access တွေ တခြားဒီ Network တွေမှာပါဝင်ပါတ်သက်နေတဲ့ အစိတ်အပိုင်းတွေ ဟာ Network တစ်ခုရဲ့  Infrastructure ပဲဖြစ်ပါတယ်
Types of Network ကွန်ယက်အမျိုးအစားများ
 ကွန်ယက်အမျိုးအစား(၃)မျိုးကို အကြမ်းဖျင်းအားဖြင့် တွေ့ ရပါတယ်..အဲဒါတွေကတော့ -
၁။  Local Area Network (LAN)
၂။  Metropolitan Area Network (MAN)
၃။  Wide Area Network (WAN)
Local Area Network (LAN)
    ရုံးတွေ ၊ ကျောင်းတွေ ၊မှာတပ်ဆင်ပါတယ်..ကွန်ယက်ငယ်လေးပါ..ဘာလို့ သူကိုကွန်ယက်ငယ်လေးလို့ ပြောရသလဲဆိုတော့ အဆောက်အအုံတစ်ခုရဲ့ ပြင်ပကိုကျော်ပြီး ကျယ်ပြန့် တဲ့ ကွန်ယက်တစ်ခုမဖြစ်နိုင်လို့ ပါဘဲ...LAN ဟာအများဆုံး ၁၀၂၄ ပါဝင်ပြီး အဝေးဆုံးမီတာ ၉၀၀ အထိချိတ်ဆက်နိုင်ပါတယ်။ဒါဟာလဲ ချိတ်ဆက်ပေးတဲ့  ကြိုးပေါ်မူတည်ပါသေးတယ် ။ တခြားကြိုးတစ်ခုနဲ့ တပ်ဆင်ကြည့် မယ်ဆိုရင်လဲ ဒီထက်လဲလျော့ သွားနိုင်ပါတယ်။LAN ဆိုတာ အဆောက်အအုံ တစ်ခု ဒါမှမဟုတ် ၀င်းတစ်ခုရဲ့ ပရ၀ုဏ်အတွင်းမှာပဲ ဧရိယာငယ် တစ်ခုတည်းမှာပဲတပ်ဆင်တဲ့ ကွန်ယက်ပါ။
Metropolitan Area Network (MAN)
   Local Area  Network နဲ့  Wide Area Network ကြားက MAN ပေါ့ ..သူ့ ရဲ့ သဘောက LAN တွေအများကြီးကို ၁၀၀ ကီလို မီတာ အကျယ်အ၀န်း လောက်မှာ ထပ်ဆင့် ချိတ်ဆက်ထားတာဖြစ်ပါတယ်။သူဟာ LAN လို Private မဟုတ်ဘဲ Public ပိုဆန်တယ်။ နောက်ပြီး LAN ထပ်ပိုတဲ့  High Speed နဲ့  အချက်အလက်တွေအပြင် အသံတွေကိုပါ ပို့ လွတ်နိုင်ပါတယ် ။ဒါကလဲ သူက LAN နဲ့ မတူတဲ့  Transmission Media နဲ့  Network Hardware တွေကိုသုံးထားလို့ ပါ။
Wide Area Network (WAN)
    WAN ဆိုတာက တိုင်းနှင့် ပြည်နယ်တွေအပြင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကိုဖြတ်ကျော်ပြီး တစ်ကမ္ဘာလုံး အနေနဲ့ ချိတ်ဆက်လိုက်တာဖြစ်ပါတယ်။ တော်တော်များများသိကြတဲ့  Internet က WAN အမျိုးအစားပေါ့  ။Internet ဆိုတာ ကွန်ယက်တွေကို ထပ်ဆင့် စုဆောင်းပြီးတကမ္ဘာလုံးအတိုင်းအတာနဲ့ ချိတ်ဆက်ထားခြင်းဖြစ်ပါတယ်။ နည်းပညာ အရသူ့ ကို Internetwork လို့ ခေါ်ပါတယ်။ တနည်းဆိုရင်Internet ဆိုတာ Internetwork ရဲ့ အတိုကောက်ဖြစ်ပါတယ်။ ကွန်ပျုတာတွေ သန်းပေါင်းများစွာပါဝင်တဲ့ ဒီInternet ဟာ ၁၉၇၀ လောက်ကစပြီး ပေါ်ပြူလာ ဖြစ်လာပါတယ် ။ဒါဟာလဲ GUI လို့ ခေါ်တဲ့  Graphic User Interface ကြောင့် ကွန်ပျုတာကို သုံးတဲ့  အထွေထွေ လူတန်းစားစိတ်ဝင်စားမှုနှင့် လိုအပ်တဲ့  သီးခြား နေရာတစ်ခုထဲ သုံးရလောက်အောင် မခက်ခဲပဲ အထွေထွေလူတန်းစားအတွက် သင့် တော် မှု တွေကြောင့် ပဲဖြစ်ပါတယ်။
Network Medium ကြားခံဆက်သွယ်ပေးမည့် ပစ္စည်းများ
   Network Medium ဆိုတာ ကွန်ယက်ချိတ်ဆက်တဲ့ အခါ ကွန်ပျုတာတစ်လုံးနှင့် တစ်လုံးကို ကြားခံချိတ်ဆက်ပေးတဲ့ ပစ္စည်းကိုပြောတာပါ။ ဒီကြားခံပစ္စည်းဟာ Network Cable ကြိုးတွေဖြစ်ပါတယ်။ ဒါတွေဟာ Metallic Cable (or) Fiber Optic Cable တွေဖြစ်ပါတယ်။Metallic Cable က Coaxial Cable ( TV Antenna ကြိုးနှင့်  ) Twisted Pair Cable (တယ်လီဖုန်းကြိုး) တို့ ပါပဲ။ခုပြင်နောက်ပိုင်းကြိုးတွေကိုမသုံးတော့ ဘဲ Wireless ဆိုတဲ့  ကြိုးမဲ့ ကွန်ယက်တွေလဲသုံးလာကြပါတယ်။နောက်တခုက ကွန်ပျုတာတစ်လုံးနှင့် တစ်လုံးကြား Network ကြိုးနှင်းချိတ်ဆက်တယ်ဆိုပေမဲ့  ဒီကြိုးတွေလာရောက်တပ်ဖို့ က ကွန်ပျူတာမှာ NIC ဆိုတဲ့  Network Interface Card တော့ ရှိရမှာပါ။ဒီတော့  ကွန်ပျူတာတစ်လုံးမှတစ်လုံး သို့  Network Card တွေ Network ကြိုးတွေ Network ခေါင်းစတဲ့  Network Medium တွေကို သုံးပြီး Data တွေကို Carries လုပ်ကြတာဖြစ်ပါတယ်။
အဲဒါငှားပြီးလေ့ လာလိုက်ဦးမယ်ဗျာ ပြီးရင်ဆက်တင်ပေးပါမယ်
Network Protocols ဆက်သွယ်ရေး
      ကွန်ပျုတာတစ်လုံးနှင့် တစ်လုံး Network Card တွေစိုက်ရုံ၊ Network ကြိုးတွေတပ်ဆင်ရုံနဲ့  Network ကွန်ရက်ဖြစ်သွားပြီလား??
ကွန်ပျုတာတစ်လုံးနှင့် တစ်လုံး Communicate ဖြစ်သွားပြီလား?ဒီလိုလဲမဟုတ်သေးဘူး အနည်းဆုံးကွန်ပျုတာတစ်လုံးနဲ့ တစ်လုံးချိတ်ဆက်မိဖို ဆိုတာ Rule လေးတစ်ခုလောက်တော့ လိုပါသေးတယ်။ ဆိုလိုတာက တဖက်ကပြောလိုက်တဲ့ ပို့ လိုက်တဲ့ Signal ကို တစ်ဖက်ကဘယ်လိုဘာသာပြန်မလဲပေါ့ ။နောက်ပြီးတဖက်နှင့် တဖက်ဘယ်လိုInitiate လုပ်ကြလဲပေါ့ ။နောက်တခုက Information တွေကိုတဖက်နှင့် တဖက်ဖလှယ်တာတွေရောဘယ်လိုထိန်းချုပ်ကြသလဲ။ ကောင်းပါပြီ။ ဒီလို Network တစ်ခုမှာ ကွန်ပျုတာတစ်လုံးနှင့် တစ်လုံးကြား Communicate ဖြစ်ဖို့ က ဥပဒေသတွေပါဝင်တဲ့ စည်းကမ်းချက်တွေပါဝင်တဲ့ Software တစ်ခုရှိဖို့ လိုအပ်ပါတယ်။ ဒါဟာ Protocols ပဲပေါ့ ။ Protocols ဆိုတာ Communictae ကိုထိန်းချုပ်ပေးတဲ့  Software တစ်ခုပဲဖြစ်ပါတယ်။ဆိုလိုတာကတော့ Protocols ဆိုတာ Communicate ကို Govern လုပ်ပေးတဲ့  Software ပေါ့ ဗျာ။
Protocols တွေကတော့ -
(၁) TCP/IP (Transmission Control Protocol/Internet Protocol)
(၂) NetBEUI (Net BIOS Extended User Interface)
(၃) IPX/SPX(Internetwork Packet Exchange/ Sequence Packet Exchange)
စတာတွေပါပဲ။တခြားလည်းရှိပါသေးတယ်။
Network Software ထိန်းချုပ်မည့် စနစ်
     နောက်တခါလာပါပြီ။ ကွန်ပျုတာကို Network Cable , Network Card တွေစိုက်ထားရုံ ။ Protocols တင်ထားရုံနဲ့ မပြီးသေးဘူးခင်ဗျ။တခုတော့ ရှိတာပေါ့ ကိုတပ်ဆင်မယ့် Network က Client/Sever Network မျိုး ဆိုရင်ပေါ့ ။အဲဒီအခါ Network Software ဆိုတာကြီးပါလိုလာပါတယ်။ Network Software ဆိုတာ Netwok Operation System (NOS) ပါဘဲ။ ဒီNOS ဟာ ဘယ်ကွန်ပျူတာ ၊ဘယ်အသုံးပြုသူ User ကတော့ ဖြင့်  Network ရဲ့  ဘယ် Resources ကိုအသုံးပြုမယ် စတာတွေကို ထိန်းချုပ်ပေးရပါတယ်။ အဲဒီ NOS တွေကတော့ ဖြင့် Microsoft Windows NT, Microsoft Windows Server 2000 or 2003, Novell Network စတာတွေပါ။ အဲ့ ဒီအထဲမှာ Windows NT Server , Windows Server 2000 or 2003 , Novell Netware 5.1 တို့ ဟာ Server Version တွေဖြစ်ကြပြီး တဖက်က Client တွေကတော့ Microsoft Windows NT Workstation , Windows 2000 Professional , Windows XP တို့ ဖြစ်နိုင်ကြပါတယ်။
Hub အကြောင်းသိကောင်းစရာ
Hubs တွေကို တနည်းအားဖြင့်  Writing Concentrators လို့ ခေါ်ပါတယ်။ Hubs သုံးမျိုးရှိပါတယ်။ဒါတွေကတော့ 
(၁)  Active  Hubs
(၂)   Passive Hubs  နဲ့ 
(၃)  Intelligent Hubs  တို့ ပဲဖြစ်ပါတယ်။
Active Hubs အကြောင်း
  Passive Hubs အကြောင်း
           Passive Hubs တွေမှာ သူ့ မှာဘာ Electronic Component မှမပါဘူး။နောက်ပြီး Date Signal တွေနဲ့ ပါတ်သက်လို့   Active Hubs တွေလို ဘာ Process မှလည်းမလုပ်ဘူး။ဒီတော့  Passive ဆိုတာ Workstation တွေမှာ Cable ကြိုးတွေကို လာရောက်ချိတ်ဆက်ခြင်းဖြင့်  Electrical Connection လုပ်ပေးရုံသက်သက်သာသုံးသည်။ Passive Hubs ဟာ Active Hubs လို လျှပ်စစ်ပါဝါပေးရန်မလိုအပ်ပါ။သူသည် Data Signal တွေကို Clean –up မလုပ်တဲ့ အပြင် Amplified လည်းမလုပ်ပါ။ARCnet Network တွေမှာ Passive Hugs ကိုအသုံးပြုလေ့ ရှိပါတယ်။ Token Ring Network တွေဟာလည်းPassive Hubs ကိုအသုံးပြုပါတယ်။
Hybrid Hubs
        မတူညီတဲ့  Cables အမျိုးအစားတွေကို အတူတကွချိတ်ဆက်တဲ့ အခါမှာအသုံးပြုပါတယ်။Hybrid Hubs တွေ ရဲ့ ကောင်းတဲ့  ကျေးဇူးတွေကတော့  -မတူညီတဲ့  Topology တွေကို ချိတ်ဆက်ပေးလို့ ရတယ် ။Network ရဲ့  Effeciency ကိုမြင့် တက်စေပါတယ်။
Switch အကြောင်း
   Switch Hubs ဆိုတာ Hub တွေရဲ့  နောက်ဆုံးပေါ်နည်းပညာနဲ့ ဖွဲ့ စည်းတည်ဆောက်ထားခြင်းဖြစ်ပါတယ်။Switching ရဲ့ သဘောတရားကတော့ Signals တွေကို အလွန်လျှင်မြန်စွာနဲ့ လမ်းကြောင်းတွေကို လွဲပေးနိုင်တာဖြစ်ပါတယ်။ သူဟာ Data Packet လေးတွေကို Hubမှာရှိတဲ့  Ports တွေအားလုံးကိုလိုအပ်တဲ့ သက်ဆိုင်ရာ Computer ဆက်သွယ်ထားတဲ့  Port တခုထဲကိုပဲရောက်ရှိစေပါတယ်။
Switching Hub တွေဟာ သူနဲ့ ချိတ်ထားတဲ့  Connection တွေရဲ့  Address ကိုဇယားတစ်ခုအဖြစ်ပြုလုပ်ပေးပါတယ်။အဲဒီဇယားကို MAC Address Table လို့ ခေါ်ပါတယ်။MAC ဆိုတာMedium Access Control Layer ပါ။ အဲ့ ဒီဇယားထဲမှာ  Hubs နဲ့ ချိတ်ဆက်ထားတဲ့  Connection တွေရဲ့ Address ရှိနေတာကြောင့် Station နှစ်ခု Communicate လုပ်တဲ့ နေရာမှာ သူဟာ မြန်ဆန်စွာလုပ်ဆောင်နိုင်တာဖြစ်ပါတယ်။
Hub Vs Switch
      Station ဟာ Data တွေကို Switching Hub ဆီပို့ လွတ်လိုက်ပါတယ်။ Data တွေဟာ Switching Hub ဆီရောက်လာတဲ့ အထိကတော့ ယခင်သာမန် Hub တွေလိုပါပဲ။ဒါပေမဲ့  Switching Hub ဟာ Data တွေကိုရလာတဲ့ အခါ Hub ရဲ့ Port အားလုံးကို Data တွေထပ်ဆင့် ပို့ ခြင်းမပြုလုပ်ဘဲ MAC Address Tableမှာရှိတဲ့  Address တွေကိုသွားရောက်ကြည့် ရှုပြီးသက်ဆိုင်ရာPort တွေဆီကို Data တွေ ပို့ လွတ်လိုက်ပါတယ်။
Blog EntryJun 22, '09 1:54 PM
for everyone
Program                                                 Run Command
Accessibility Controls                                   access.cpl
Accessibility Wizard                                     accwiz
Add Hardware Wizard                                   hdwwiz.cpl
Add/Remove Programs                                 appwiz.cpl
Administrative Tools                                     control admintools
Adobe Acrobat ( if installed )                         acrobat
Adobe Distiller ( if installed )                         acrodist
Adobe ImageReady ( if installed )                  imageready
Adobe Photoshop ( if installed )                    photoshop
Automatic Updates                                      wuaucpl.cpl
Basic Media Player                                     mplay32
Bluetooth Transfer Wizard                           fsquirt
Calculator                                                  calc
Ccleaner ( if installed )                                ccleaner
C: Drive                                                     c:
Certificate Manager                                    cdrtmgr.msc
Character Map                                           charmap
Check Disk Utility                                      chkdsk
Clipboard Viewer                                        clipbrd
Command Prompt                                      cmd (or)command
Component Services                                  dcomcnfg
Computer Management                              compmgmt.msc
Compare Files                                          comp
Control Panel                                            control
Create a shared folder Wizard                    shrpubw
Date and Time Properties                          timedate.cpl
DDE Shares                                            ddeshare
Device Manager                                       devmgmt.msc
Direct X Control Panel ( if installed )           directx.cpl
Direct X Troubleshooter                            dxdiag
Disk Cleanup Utility                                 cleanmgr
Disk Defragment                                      dfrg.msc
Disk Partition Manager                             diskmgmt.msc
Display Properties                                   control desktop
Display Properties                                   desk.cpl
Display Properties
(w/Appearance Tab Preselected )                 control color
Dr. Watson System Troubleshooting Utility   drwtsn32
Driver Verifier Utility                                     verifier
Ethereal ( if installed )                                 ethereal
Event Viewer                                              eventvwr.msc
Files and Settings Transfer Tool                   migwiz
File Signature Verification Tool                     sigverif
Findfast                                                     findfast.cpl
Firefox                                                       firefox
Folders Properties                                      control folders
Fonts                                                        fonts
Free Cell Card Game                                  freecell
Game Controllers                                       joy.cpl
Group Policy Editor ( xp pro )                     gpedit.msc
Hearts Card Game                                    mshearts
Help and Support                                      helpctr
Hyperterminal                                           hypertrm
Hotline Client                                            hotlineclient
Iexpress Wizard                                        iexpress
Indexing Service                                        ciadv.msc
Internet Connection Wizard                        icwonn1
Internet Properties                                    inetcpl.cpl
Internet Setup Wizard                               inetwiz
IP Configuration
(Display Connection Configuration)              ipconfig /all
IP Configuration
(Display DNS Cache Contents)                   ipconfig /displaydns
IP Configuration
(Delete DNS Cache Contents)                    ipconfig /flushdns
IP Configuration
(Release All Connections)                          ipconfig /release
IP Configuration
(Renew All Connections)                            ipconfig /renew
IP Configuration
 (Refreshes DHCP & Re-Registers DNS)        ipconfig /registerdns
IP Configuration
 (Display DHCP Class ID)                            ipconfig /showclassid
IP Configuration
(Modifies DHCP Class ID)                         ipconfig /setclassid
Java Control Panel ( if installed )                jpicpl32.cpl
Java Control Panel ( if installed )                javaws
Keyboard Properties                                control keyboard
Local Security Settings                            secpol.msc
Local Users and Groups                          lusrmgr.msc
Logs You Out of Windows                       logoff
Malicious Software Removal Tool             mrt
Microsoft Access ( if installed )               access.cpl
Microsoft Chat                                       winchat
Microsoft Excel ( if installed )                  excel
Microsoft Diskpart                                  diskpart
Microsoft Frontpage ( if installed )            frontpg
Microsoft Movie Maker                            moviemk
Microsoft Management Console               mmc
Microsoft Narrator                                   narrator
Microsoft Paint                                       mspaint
Microsoft Powerpoint                               powerpnt
Microsoft Word ( if installed )                    winword
Microsoft Syncronization Tool                   mobsync
Minesweeper Game                                 winmine
Mouse Properties                                   control mouse
Mouse Properties                                   main.cpl
MS-Dos Editor                                       edit
MS-Dos FTP                                          ftp
Nero ( if installed )                                  nero
Netmeeting                                            conf
Network Connections                              control netconnections
Network Connections                              ncpa.cpl
Network Setup Wizard                            netsetup.cpl
Notepad                                                notepad
Nview Desktop Manager ( if installed )      nvtuicpl.cpl
Object Packager                                    packager
ODBC Data Source Administrator            odbccp32
ODBC Data Source Administrator            odbccp32.cpl
On Screen Keyboard                              osk
Opens AC3 Filter ( if installed )                ac3filter.cpl
Outlook Express                                     msimn
Paint                                                      pbrush
Password Properties                                password.cpl
Performance Monitor                                perfmon.msc
Performance Monitor                                perfmon
Phone and Modem Options                      telephon.cpl
Phone Dialer                                           dialer
Pinball Game                                          pinball
Power Configuration                                 powercfg.cpl
Printers and Faxes                                  control printers
Printers Folder                                        printers
Private Characters Editor                         eudcedit
Quicktime ( if installed )                           quicktime.cpl
Quicktime Player ( if installed )                 quicktimeplayer
Real Player ( if installed )                         realplay
Regional Settings                                    intl.cpl
Registry Editor                                        regedit (or)regedit32
Remote Access Phonebook                     rasphone
Remote Desktop                                      mstsc
Removable Storage                                  ntmsmgr.msc
Removable Storage Operator Requests      ntmsoprq.msc
Resultant Set of Policy ( xp pro )               sop.msc
Scanners and Cameras                            sticpl.cpl
Scheduled Tasks                                     control schedtasks
Security Center                                       wscui.cpl
Services                                                  services.msc
Shared Folders                                         fsmgmt.msc
Sharing Session                                        rtcshare
Shuts Down Windows                                shutdown
Sounds Recorder                                       sndrec32
Sounds and Audio                                      mmsys.cpl
Spider Solitare Card Game                          spider
SQL Client Configuration                             clicongf
System Configuration Editor                        sysedit
System Configuration Utility                        msconfig
System File Checker Utility
( Scan Immediately )                                   sfc /scannow
System File Checker Utility
( Scan Once At Next Boot )                         sfc /scanonce
System File Checker Utility
( Scan On Every Boot )                                sfc /scanboot
System File Checker Utility
( Return to Default Settings)                         sfc /revert
System File Checker Utility
( Purge File Cache )                                     sfc /purgecache
System File Checker Utility
( Set Cache Size to Size x )                         sfc /cachesize=x
System Information                                      msinfo32
System Properties                                       sysdm.cpl
Task Manager                                              taskmgr
TCP Tester                                                  tcptest
Telnet Client                                                telnet
Tweak UI ( if installed )                                 tweakui
User Account Management                          nusrmgr.cpl
Utility Manager                                            utilman
Volume  Number for C:                                 label
Volume Control                                           sndvol32
Windows Address Book                               wab
Windows Address Book Import Utility            wabmig
Windows Backup Utility ( if installed )            ntbackup
Windows Explorer                                        explorer
Windows Firewall                                         firewall.cpl
Windows Installer Details                              msiexec
Windows Magnifier                                       magnify
Windows Management Infrastructure             wmimgmt.msc
Windows Media Player                                 wmplayer
Windows Messenger                                    msnsgs
Windows Picture Import Wizard
(Need camera connected)                             wiaacmgr
Windows System Security Tool                    syskey
Windows Script host settings                       wscript
Widnows Update Launches                          wupdmgr
Windows Version
( shows your windows version )                     winver
Windows XP Tour Wizard                             tourstart
Wordpad                                                     write
Zoom Utility                                                igfxzoom
Blog EntryJun 22, '09 1:20 PM
for everyone
Network Topology
Network တစ်ခုကို တည်ဆောက်တော့မယ်ဆိုရင် အရင်စဉ်းစားရမည်က Network topology ပဲဖြစ်ပါတယ်။ Network topology ဆိုတာကတော့ Networkတစ်ခုမှာပါဝင်တဲ့computers,cables,printerအစရှိတာတွေကို ဘယ်လိုဘယ်ပုံချိတ်ဆက်မယ်ဆိုတာကို ပုံစံသတ်မှတ်ပေးထားတဲ့ နည်းစနစ်တွေပဲဖြစ်ပါတယ်။ Network ချိတ်ဆက်နည်းတွေကတော့ ....
    * Star Topology
    * Ring Topology
    * Bus Topology
    * Tree Topology
    * Mesh Topology
    * Hybrid Topology  တို့ပဲဖြစ်ပါတယ်။
Star Topology
Star Topology ဆိုတာကတော့ Computer တွေကို ကြယ်ပုံစံ ချိတ်ဆက်အသုံးပြုခြင်းဖြစ်ပါတယ်။ Star Topology ကို အိမ်တွေ၊ ရုံးအသေးစားလေးများ နဲ့ အင်တာနက်ဆိုင်တွေမှာ အသုံးများပါတယ်။ Star network တစ်ခုမှာ အဓိကအခန်းက ပါဝင်တာကတော့ ဗဟိုဖြစ်တဲ့ " hub " ပါပဲ။ "hub" ဆိုတာကတော့ hub, switch နဲ့ router တို့ကိုဆိုလိုခြင်းဖြစ်ပါတယ်။ Network ထဲမှာပါဝင်တဲ့ Computer တွေအားလုံးကို ဗဟိုနဲ့ တိုက်ရိုက် ချိတ်ဆက်ထားတာဖြစ်ပါတယ်။ အကယ်၍ Computer တစ်လုံးပျက်သွားပါက Network ကိုထိခိုက်မှု့မရှိပဲ ကျန်တဲ့ Computer များဖြင့် ဆက်လက်ရပ်တည်နိုင်ပါတယ်။ ဒါပေမဲ့ ဗဟိုဖြစ်တဲ့ " hub " မှာ ပြဿနာရှိတယ်ဆိုရင်တော့ Network တစ်ခုလုံး ရပ်ဆိုင်းသွားပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ လူသုံးများတဲ့ Topology တစ်ခုဖြစ်ပါတယ်။ Star Topology အားနည်းချက်ကတော့ Cables ( Network ကြိုး ) များအပြား သုံပြုရခြင်းပဲ ဖြစ်ပါတယ်။
အားသာချက်။   အလွယ်တကူတည်ဆောက်နိုင်ခြင်း။Computerများထပ်တိုးခြင်းဖယ်ထုတ်ခြင်းများပြုလုပ်ပါက Network ကိုထိခိုက်မှု့မရှိခြင်း။ ပြဿနာများကို အလွယ်တကူ ရှာဖွေ ရှင်းထုတ်နိုင်ခြင်း။
အားနည်းချက်။      ကြိုးအများအပြားအသုံးပြုရခြင်း
                         ဗဟို တွင် ပြဿနာရှိပါက Network တစ်ခုလုံးရပ်ဆိုင်းသွားခြင်း။
                         စရိတ်စက များပြားခြင်း
Ring Topology
Ring Topology ကတော့ Network ကို စက်ဝိုင်းပုံစံ တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ Computer များအချင်းချင်း ပတ်လည် ချိတ်ဆက် အသုံးပြုထားပါတယ်။ ရုံးအဆောက်အဦးကြီးများ နှင့် ကျောင်းတွေမှာ အသုံးများပါတယ်။ Network စက်ဝိုင်းထဲမှာ အချက်အလက်တွေကို ပို့လွတ်မျှဝေတဲ့အခါ ဦးတည်ချက်တစ်ဖက်ထဲကို တူညီစွာလည်ပတ် ပေးပို့ကြပါတယ်။ အကယ်၍ Network ရဲ့မည်သည့်အစိတ်အပိုင်းမှာမဆို ပြဿနာ ရှိလာပါက Network တစ်ခုလုံး ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။
အားသာချက်။           စရိတ်စက သက်သာခြင်း။
အားနည်းချက်။          အစိတ်အပိုင်း တစ်ခုခုမှာ ပြဿနာရှိလာပါက Network တစ်ခုလုံးရပ်ဆိုင်းသွားခြင်း
LinkJun 21, '09 4:44 AM
for everyone
Blog EntryJun 10, '09 2:37 PM
for everyone
Network ကြိုးညှပ်တဲ့ ပုံသေနည်းလေး ပါ….
UTP cable မှာကြိုးအစုံလေးတွေပါ ပါတယ်…. အဲ့ဒီ ကြိုးအစုံလေးတွေကို အစုံမှန်းသိအောင် အရောင်တွေနဲ့ ခွဲခြားပြထားပါတယ်….
white green, green, white orange, orange, white blue, blue, white brown, brown ဆိုပြီးတော့ ၈ ကြိုးရှိပါတယ်….
ကြိုးအရောင်တွေသိပြီ ဆိုရင်တော့ ပုံသေနည်းလေး ပြောပြပါမယ်….
    *
      Type A - WG, G, WO, B, WB, O, WBr, Br
    *
      Type B - WO, O, WG, B, WB, G, WBr, Br
switch ကနေ PC ကိုဆိုရင် Type A to Type Aနဲ့ ချိတ်ပေးရပါတယ်…. အဲ့ဒီနည်းကို straigth cable လို့ခေါ်ပါတယ်….နောက်တစ်မျိုး ကတော့ cross over cable ပါ…. သူကတော့ PC to PC ဒါမှမဟုတ်switch to switch ဆိုရင် Type A to Type B နဲ့ချိတ်ပေးရပါတယ်…. switch ကနေserver ကိုဆိုရင်လည်း ဒီ cross over cable နဲ့ပဲ ချိတ်ပေးရပါတယ်……
  switch နဲ့ any end system နဲ့ချိတ်ရင် straight cable နဲ့ ချိတ်လို့ရပါတယ်၊ ဒါကြောင့် switch နဲ့ server ချိတ်ရင် straight နဲ့ချိတ်ရပါတယ်
cross over cable က device to device (switch မဟုတ်တဲ့) ချိတ်ရင်သုံးပါတယ်
eg: router to router, pc to pc, firewall to pc, ----
အဲကြိုက်တဲ့ device နဲ့ switch နဲ့ချိတ် straight cable နဲ့ချိတ်လို့ရပါတယ်။
ဗြိတိန်နိုင်ငံ မိုးလေဝသဆိုင်ရာ
အဖွဲ့အစည်းကြီးဖြစ်သည့် Met Office(Metrological Office)သည် ဗြိတိန်နိုင်ငံ၏ အမြန်ဆုံး စူပါကွန်ပျူတာကို တပ်ဆင် လိုက်ပြီဖြစ်သည်။ အဆိုပါ စူပါကွန်ပျူတာသည် တစ်စက္ကန့်လျင် တွက်ချက်မှုပေါင်း ဘီလျံ(၁၀၀) လုပ်ဆောင်နိုင်ကြောင်း သိရသည်။ သို့သော် လည်း ပေါင်စတာလင် သန်း(၃၀)တန်ပြီး တစ်ကိုယ်ရည်သုံးကွန်ပျူတာ(PC)ပေါင်း တစ်သိန်းထက် ပိုမိုစွမ်းရည်မြင့်သည့် စူပါကွန်ပျူတာ၏  ခန့်မှန်းချက်များမှာ လက်ရှိအချိန်တွင် မှားယွင်းနေသေးသည်။ IBM အမျိုးအစား စူပါကွန်ပျူတာကို ဘောလုံးကွင်းနှစ်ကွင်းစာမျှ ကျယ်ဝန်းသည့် အထူးခန်းတွင် တပ်ဆင်ထားပြီး နာမည်သတ်မှတ်ထားခြင်း မရှိသေးကြောင်း သိရသည်။ ကွန်ပျူတာအတွက် လျှပ်စစ်ဓာတ်အား (၁.၂)မဂ္ဂါဝပ် လိုအပ် သည် ဆို၏။ ထိုပမာဏမှာ သာမန်မြို့ငယ်လေး တစ်မြို့အတွက် လုံလောက်သော လျှပ်စစ်ဓာတ်အားလည်းဖြစ်သည်။ အဆိုပါ စူပါကွန်ပျူတာသည် မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်များကို အဖွဲ့ဝင်(၄၀၀)ပါဝင်သည့် သိပ္ပံပညာရှင်အဖွဲ့အား အထောက်အကူ ပေးနိုင်မည်ဖြစ်သည်။ မေလ နောက်ဆုံး ပတ်တွင် စူပါကွန်ပျူတာအား ခလုတ်ဖွင့် စတင်လည်ပတ်ခဲ့သော်လည်း ကွန်ပျူတာစနစ်တစ်ခုလုံး အပြည့်အဝလည်ပတ်နိုင်ရန် (၂)လ ခန့်ကြာမြင့်ဦးမည် ဖြစ်သည်။ ထို့အပြင် ကွန်ပျူတာ၏  အမြင့်ဆုံးစွမ်းဆောင်ရည်ဖြစ်သည့် တစ်စက္ကန့်လျင် တွက်ချက်မှုပေါင်းဘီလျံ(၁၀၀) ပြုလုပ် နိုင် ရန်မှာလည်း လာမည့်(၂၀၁၁)ခုနှစ်အထိ မဖြစ်နိုင်သေးချေ။ စူပါကွန်ပျူတာ၏ ခန့်မှန်းမှုများမှာ တစ်နေ့ထက်တစ်နေ့ တိုးတက်လာလိမ့်မည် ဖြစ်သော် လည်း အပြည့်အဝ မှန်ကန်သည်ဟု အာမ မခံနိုင်ကြောင်း Met Officeက ပြောကြားသည်။ သို့သော် စူပါကွန်ပျူတာဖြင့် ကမ္ဘာကြီး ပိုမိုပူနွေးလာမှု အကျိုးဆက်များနှင့် တိုင်ဖွန်း၊ ဟာရီကိန်းတို့ကဲ့သို့ မုန်တိုင်းများကို ကြိုတင်ခန့်မှန်းနိုင်ကာ လူ့အသက် သန်းပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မည်ဟု ဆို သည်။ Met Office၏ စူပါကွန်ပျူတာဖြင့် ယနေ့နှင့်နံနက်ဖြန် မိုးလေဝသ အခြေအနေများအပြင် ရေရှည်ကာလတွင် ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝ သဆိုင်ရာ ပြောင်းလဲမှုများကိုလည်း ခန့်မှန်းနိုင်မည်ဖြစ်သည်။ “မိုးလေဝသ ခန့်မှန်းချက်တွေကို ၁၀၀ရာခိုင်နှုန်း မှန်ကန်အောင် မခန့်မှန်းနိုင်ကြပါဘူး။ ဒါပေမယ့် စူပါကွန်ပျူတာက အနီးစပ်ဆုံးမှန်ကန်တဲ့ ခန့်မှန်းချက်တွေကို ထုတ်ပြန်ပေးနိုင်ပါလိမ့်မယ်”ဟု Met Office နည်းပညာအရာရှိချုပ်က ပြောကြား သည်။
15million megabytes(MB) Memory အသုံးပြုထားသည့် စူပါကွန်ပျူတာကို အွန်လိုင်းချိတ်ဆက်ထားပြီး ဗြိတိန်နိုင်ငံ Devonခရိုင် Exeterမြို့ရှိ Met Office ရုံးချုပ်တွင် မေလနောက်ဆုံးပတ်၌ တပ်ဆင်ထားပြီဖြစ်သည်။ သို့သော် မိုးလေဝသဆိုင်ရာ ခန့်မှန်းချက်များကိုမူ လာမည့်သြဂုတ်လအထိ စတင် ဦးမည်မဟုတ်ကြောင်း သိရသည်။ ယခုတပ်ဆင်ထားသည့် စူပါကွန်ပျူတာသည် မိုးလေဝသဂြိုလ်တုမှ ပုံရိပ်များကို ရယူပြီး ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်း ကဲ့သို့ ရာသီဥတုဖြစ်စဉ်နှင့် အခြားသတင်းအချက်အလက်များကို ကြိုတင်ထုတ်ပြန်ပေးနိုင်မည် ဖြစ်သည်။ စူပါကွန်ပျူတာအနေဖြင့် ယခင်ရှိပြီးသား အ ခြေခံ အချက်အလက်များကိုသာ အသုံးပြုပြီး ပိုမိုအသေးစိတ်ကျသည့် တွက်ချက်မှုကို ပြုလုပ်သွားမည်ဟု သိရသည်။ “ရာသီဥတုဆိုးရွားတာကို ရှောင် လွှဲ လို့ မရနိုင်ပေမယ့် ကြိုတင်ပြင်ဆင်မှုတွေ အကောင်းဆုံးပြုလုပ်နိုင်ဖို့ စူပါကွန်ပျူတာက ကူညီပေးနိုင်ပါလိမ့်မယ်”ဟု Met Office နည်း ပညာ အရာရှိ ချုပ်က ဆက်လက်ပြောကြားသည်။ Met Officeသည် ကမ္ဘာတဝှမ်း ရာသီဥတုဖြစ်စဉ်နှင့် မိုးလေဝသဆိုင်ရာ သုတေသနပြုလုပ်ခြင်း၊ ကြိုတင်ခန့်မှန်း ခြင်းများကို ဆောင်ရွက်ရာ၌ အဓိကအခန်းကဏ္ဍမှ ပိုမိုပါဝင်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ၎င်းတို့၏ စူပါကွန်ပျူတာအသစ်မှာ အရေးပါသည့် ခြေလှမ်း တစ်ခု ဖြစ်သည်။ ယခင်က ဗြိတိန်နိုင်ငံ၏ အမြန်ဆုံးကွန်ပျူတာမှာ Edinburghတက္ကသိုလ်မှ ကွန်ပျူတာဖြစ်ပြီး တစ်စက္ကန့်လျင် တွက်ချက်မှုပေါင်း(၆၇)ဘီလျံ ဆောင်ရွက်နိုင်သည်။ ဒုတိယအမြန်ဆုံးမှာ Readingတက္ကသိုလ်မှ ကွန်ပျူတာဖြစ်ပြီး တစ်စက္ကန့်လျင် တွက်ချက်မှု(၂၇)ဘီလျံ ပြုလုပ်နိုင်သည်။ Met Office၏ စူပါကွန်ပျူတာအသစ်မှာ ထိုကွန်ပျူတာနှစ်လုံးထက် သာလွန်သွားပြီဖြစ်သည်။ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာမှာ အမေရိကန်နိုင်ငံ ကယ်လီ ဖိုးနီးယားပြည်နယ်ရှိ အမျိုးသားစွမ်းအင်ဆိုင်ရာ ဓာတ်ခွဲခန်းတွင် တပ်ဆင်ထားပြီး အမေရိကန်အစိုးရမှ ၎င်းတို့၏ နျူကလီးယားလက်နက်များကို စီမံ ခန့် ခွဲရန် အသုံးပြုသွားမည် ဖြစ်သည်။ အမေရိကန်ရှိ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာမှာ တစ်ကိုယ်ရည်သုံးကွန်ပျူတာ(PC) (၂)သန်းထက်ပို၍ စွမ်းဆောင် ရည် မြင့်မားကြောင်းလည်း သိရသည်။
Photo AlbumRomanticMay 25, '09 2:13 PM
for everyone
LinkMay 25, '09 10:19 AM
for everyone
LinkMay 25, '09 8:40 AM
for everyone
LinkMay 23, '09 11:39 AM
for everyone
Pages:12345